Myanmar Interest

Wednesday, January 27, 2010

Aleviating Poverty is 1st Priority


 နိုင်ငံပေါင်း ၂၃ နိုင်ငံကလူပေါင်း ၂၅၀၀၀ ကျော်ကိုကမ္ဘာမှာလက်ရှိရင်ဆိုင်နေရတဲ့ပြသနာတွေထဲမှာ ဘယ်ဟာကအရေးအကြီးဆုံးထင်လဲဆိုတာကို့ ပုံစံအမျိုးမျိုးနဲ့အင်တာဗျူးကြည့်တယ် .. ၇၁% ကဆင်းရဲမွဲတေမှုပြသနာဟာအရေးအကြီးဆုံးလို့ဖြေတယ် ။ ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှု၊ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့တိုက်ခိုက်မှု စတာတွေနဲ့ယှဉ်ရင် ဆင်းရဲမွဲတေမှုပြသနာဟာ လူတွေအတွက်ပိုရေးပါနေတဲ့သဘောပါ။ သဘာဝကျတယ်ထင်ပါတယ် ၊ ထမင်းနပ်မှန်အောင်မစားနိုင်တဲ့သူကို Climate Change နဲ့ Global Warming အကြောင်းတရားသွားချနေရင် … ? (ဆရာ ခင်မောင်ညို -ဘောဂဗေဒ  share ထားတဲ့ link ကိုဖတ်ကြည့်တွေးမိတာပါ)



Taking Bus to Buddha's Birth Place, a dream come true?


အန္ဒိယနိုင်ငံ အင်ဖာ နဲ့ မန္တလေးမြို့ကိုဘတ်(စ)ကားလိုင်းပြေးဖို့ မဏိပူရပြည်နယ်က ဗဟိုအစိုးရကိုတင်ပြထားတယ် … ခွင့်ပြုမိန့်တော့မကြသေးဘူး … လုပ်ဖြစ်ရင်အန္ဒိယပြည်နယ်အတွက် (မန္တလေးကတဆင့်ရှမ်းကိုဖြတ်ပြီး တရုတ်ယူနန်ရော ယိုးဒယားနဲ့ပါလမ်းကြောင်းပွင့်သွားမှာကြောင့်) စီးပွားရေးအခွင့်အလမ်းသစ်တွေရလာမယ်… မြန်မာတွေအတွက်ကတော့ အန္ဒိယဆေးပစ်စည်းတွေ လွယ်လွယ်ပေါပေါရလာနိုင်မယ် … ပိုပြီးစိတ်ဝင်စားစရာက မြန်မာကနေ ဗုဒ္ဓဂါယာကိုဘုရားဖူးခရီးစရိတ် အရမ်းသက်သာသွားမယ်တဲ့ … လေယဉ်နဲ့သွားစရာမလိုတော့ပဲ ဘတ်(စ)ကားတိုက်ရိုက်ပေါက်သွားမှာမို့ပါ … စရိတ်ကြီးလို့ ဗုဒ္ဓဂါယာကိုသွားချင်ပေမဲ့မရောက်နိုင်နေကြသေးတဲ့ အညာက အဒေါ်ကြီး၊ ဦးကြီးတွေ ဂါယာကိုဘုရားဖူးသွားနိုင်ကြပါစေ …


HOPE


ရဲရွာရေးအားလျှပ်စစ်စက်ရုံကို ပြည်ထောင်စုနေ့ (ဖေဖေါ်ဝါရီ ၁၂) မှာစလည်မယ်ဆိုပဲ .. စက် ၄ လုံးရှိတာ ၁ လုံးစလည်မယ်တဲ့ .. အဲဒီတစ်လုံးက ၁၈၀ မီဂါဝပ်တောင်ထုတ်နိုင်တာဆိုတော့ ရန်ကုန်တစ်မြို့လုံးတော့ ၂၄ နာရီစာရနိုင်ကောင်းရဲ့ .. နားလည်တဲ့သူတွေကတော့ ရန်ကုန်မှာက မီဂါဝပ် ၅၀၀ကျော်လိုနေတာကို ၃၀၀ ကျော်ပဲပေးနိုင်လို့ အခုလိုဖြစ်နေတာတဲ့ .. ပြောနေကြတာ ။ အင်း.. စဉ်းစားကြည့်လိုက်ရင် .. ဘီလူးချောင်း၊ ပေါင်းလောင်း၊ ထမံသီ၊ .. ရှိပါသေးတယ် .. မေ့ကုန်ပီ ..




A snapshot near Hledan Sein Gay Har shopping mall



An elderly Myanmar woman passes a road side food court decorated with wood log style tables and chairs in front of Sein Gay Har shopping center near Hledan junction in Yangon Tuesday Jan. 19, 2009

Internet boost more to the Economy of developing countries


ကမ္ဘာ့ဘဏ်က Christine Zhen-Wei Qiang ဆိုသူက ၂၀၀၉ ခုနှစ်အတွင်းမှာ စစ်တမ်းတစ်ခုကောက်ကြည့်တယ်တဲ့ ၊ မိုဘိုင်းဖုန်း နဲ့ အင်တာနက်ကိုလူတွေပိုအသုံးပြုလာတာဟာ နိုင်ငံတစ်ခုရဲ့တိုးတက်မှုနဲ့ ဘယ်လောက်ဆက်စပ်မှုရှိသလဲဆိုတာကိုပါ ၊ … တွေ့ခဲ့ရတာတွေကတော့ မိုဘိုင်းဖုန်းအသုံးပြုမှု ၁၀% တိုးလာတိုင်း ဖွံဖြိုးဆွဲနိုင်ငံတွေအတွက် GDP မှာ ၀.၈% တက်လာတာကိုတွေ့ရပြီး ဖွံဖြိုးပြီးနိုင်ငံတွေမှာဆိုရင်တော့ ၀.၆% တက်လာတယ်တဲ့ ။ Dial-up အင်တာနက် access အသုံးပြုမှု ၁၀% တိုးလာရင်တော့ ဖွံဖြိုးဆွဲနိုင်ငံတွေအတွက် ၁.၁% GDP တက်လာပြီး ဖွံဖြိုးပြီးနိုင်ငံတွေမှာ ၀.၇၅% တက်ပါတယ်တဲ့ ။ … အဲ ADSL တို့ cable တို့လိုမျိုး Broadband access အသုံး ၁၀% တက်ရင်တော့ GDP ဟာ ဖွံဖြိုးဆွဲနိုင်ငံတွေမှာ ၁.၄% နဲ့ ဖွံဖြိုးပြီးနိုင်ငံတွေမှာ ၁.၂% အထိ အသီးသီးတိုးတက်လာတယ်ဆိုပဲ …



Zawtika deal ...



ထိုင်းနိုင်ငံ PTT Group မှ ကန်ဒေါ်လာ သန်း (၁ဝဝဝ) ကျော် တန်ဖိုးစာချုပ် ချုပ်ဆိုကာ မြန်မာနိုင်ငံ ဇောတိက သဘာဝဓာတ်ငွေ့တွင်းမှ ဓာတ်ငွေ့များ ဝယ်မည် … ဇောတိကတွင်းမှ တစ်နေ့ ကုဗပေသန်း ၃ဝဝ ထုတ်လုပ်နိုင်... သန်း ၂၄ဝ ကို ထိုင်းနိုင်ငံသို့တင်ပို့မည်ဖြစ်.. ကျန်ကုဗပေသန်း ၆ဝ ကို မြန်မာနိုင်ငံတွင်သုံးစွဲသွားမည်… source: kaowao.org



... That means 80% of the gas produced will be sold to Thailand where they would used it up to produce electricity, while only the remaining 20% would be used here.

... Thailand has total electricity generating capacity of over 37,000 Megawatt. Myanmar has 1,684 Megawatt.

... Thailand uses natural gas to produce over 70% of its total electricity production. Myanmar produce (only) around 28% from natural gas.

... Thailand has population of about 67 million and Myanmar has 60 million.

The Power of Gold


"Gold has been used in the society for 5,000 years. Gold has been the store of value in one form or another for the society... so after 5000 years, it is playing its traditional role.. It is real currency. It has real value. and for those who are not quite sure where they should put their money, gold has proven to be a pretty safe place for the past 5000 years and it continues to play that role in the society."


-- ရွှေတူးဖော်ရေးလုပ်ငန်း AngloGold Ashanti Limited ရဲ့ Executive Director and Chief Executive Officer တစ်ဦးဖြစ်တဲ့ Mark Cutifani ဆိုသူ (Ausi လူမျိုးလို့ထင်ရ) က BBC Worldservice နဲ့ interview တစ်ခုမှာပြောသွားခဲ့တာပါ ... note down လုပ်ထားသင့်တယ်ထင်လို့ transcribe လုပ်ယူထားတာပါ။

Freedom that comes with Responsibility

" အင်တာနက် ၂.၀ ခေတ်အရ transparency အပြည့်ဖြင့် ဆောင်ရွက်ခြင်း
ဖြစ်သည့်အတွက် full disclosure ပုံစံနှင့် ပြုလုပ်နေခြင်း ဖြစ်ပါတယ်။
မသေချာသေးသော အချက်အလက်များကို အတည်ယူပြီး သတင်းမီဒီယာများထဲတွင်
မထည့်ပါရန် အသိပေး မေတ္တာရပ်ခံအပ်ပါတယ်။" ....

..... 'Barcamp Yangon 2010' organizer's meeting minutes
ထဲကထုတ်နုတ်ထားတာပါ။ ဒီ မှတ်ချက် ကလေးကိုဖတ်မိတော့
ကျွှန်တော့ဆရာပြောပြောနေခဲ့ဖူးတဲ့ Freedom that comes with Responsibility
တာကိုစဉ်းစားမိတယ် ... မဝေးတော့တဲ့ကာလမှာ press freedom
ပိုရလာနိုင်တာမို့ responsibility အပိုင်းကိုလဲ
ပိုလေ့လာထားသင့်ပြီဟုစဉ်းစားမိပါကြောင်း ...