Myanmar Interest

Wednesday, January 27, 2010

Taking Bus to Buddha's Birth Place, a dream come true?


အန္ဒိယနိုင်ငံ အင်ဖာ နဲ့ မန္တလေးမြို့ကိုဘတ်(စ)ကားလိုင်းပြေးဖို့ မဏိပူရပြည်နယ်က ဗဟိုအစိုးရကိုတင်ပြထားတယ် … ခွင့်ပြုမိန့်တော့မကြသေးဘူး … လုပ်ဖြစ်ရင်အန္ဒိယပြည်နယ်အတွက် (မန္တလေးကတဆင့်ရှမ်းကိုဖြတ်ပြီး တရုတ်ယူနန်ရော ယိုးဒယားနဲ့ပါလမ်းကြောင်းပွင့်သွားမှာကြောင့်) စီးပွားရေးအခွင့်အလမ်းသစ်တွေရလာမယ်… မြန်မာတွေအတွက်ကတော့ အန္ဒိယဆေးပစ်စည်းတွေ လွယ်လွယ်ပေါပေါရလာနိုင်မယ် … ပိုပြီးစိတ်ဝင်စားစရာက မြန်မာကနေ ဗုဒ္ဓဂါယာကိုဘုရားဖူးခရီးစရိတ် အရမ်းသက်သာသွားမယ်တဲ့ … လေယဉ်နဲ့သွားစရာမလိုတော့ပဲ ဘတ်(စ)ကားတိုက်ရိုက်ပေါက်သွားမှာမို့ပါ … စရိတ်ကြီးလို့ ဗုဒ္ဓဂါယာကိုသွားချင်ပေမဲ့မရောက်နိုင်နေကြသေးတဲ့ အညာက အဒေါ်ကြီး၊ ဦးကြီးတွေ ဂါယာကိုဘုရားဖူးသွားနိုင်ကြပါစေ …


0 Comments:

Post a Comment

<< Home